၂ ဓမ္မရာဇဝင် 21:10 - မြန်မာ့စံမီသမ္မာကျမ်10 အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 အဲအာသမီးရိဇပသည် စပါးရိတ်စကာလမှစ၍ မိုးမရွာမီတိုင်အောင် လျှော်တေကိုယူ၍ ကျောက်ပေါ်မှာ အိပ်စရာဖို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်းကောင်အပေါ်၌ ငှက်မနား၊ ညအချိန်တွင် သားရဲမကိုက်စေခြင်းငှာ စောင့်ရှောက်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။