Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 20:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ထို့ကြောင့် ယွာဘ​၏​နောက်လိုက်​များ​မှစ၍ ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​အပါအဝင် သူရဲကောင်း​အပေါင်း​တို့​သည် အဘိရှဲ​နှင့်အတူ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီး ဗိခရိ​၏​သား ရှေဘ​ကို​လိုက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သို့​ဖြစ်​၍​ယွာဘ​၏​လူ​များ၊ ကိုယ်​ရံ​တော်​တပ် သား​များ​နှင့်​အ​ခြား​တပ်​သား​အ​ပေါင်း​တို့ သည် အ​ဘိ​ရှဲ​နှင့်​အ​တူ​ရှေ​ဘ​ကို​လိုက်​လံ ရှာ​ဖွေ​ရန်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 အ​ဘိ​ရှဲ​နောက်​မှာ ယွာ​ဘ၏​လူ​များ​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​များ​မှ​စ၍ ခွန်​အား​ကြီး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​အံ့​သော​ငှာ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 20:7
9 ပူးပေါင်းရင်းမြစ်များ  

အထံ​တော်​ပါး​၌​ခစား​ရ​သော​မင်းမှုထမ်း​အားလုံး​တို့​သည် ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ခေရသိ​လူမျိုး​အားလုံး​၊ ပေလသိ​လူမျိုး​အားလုံး​နှင့် ဂါသ​မြို့​မှ​လိုက်လာ​သော ဂိတ္တိ​လူမျိုး​အားလုံး လူ​အယောက်​ခြောက်​ရာ​တို့​သည်​လည်း ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။


ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊


ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊


ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား နန်းတွင်းအရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။


ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့​နှင့်အတူ သင်​တို့​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​ပြီး သား​တော်​ရှောလမုန်​ကို ငါ​စီး​သော​လား​ကို​စီး​စေ​၍ သူ့​ကို ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​လော့​။


ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​သည် ရှောလမုန်​ကို ဒါဝိဒ်​မင်းကြီး​၏​လား​ပေါ်​တင်​၍ ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။


ရှင်ဘုရင်​သည် သူ​၏​လား​တော်​ကို ရှောလမုန်​အား စီး​စေ​ပြီး သူ​နှင့်အတူ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား​ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​ကို ဂိဟုန်​မြို့​သို့​စေလွှတ်​ပါ​၏​။


အကျွန်ုပ်​တို့​သည် ခေရသိ​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​၊ ယုဒ​လူမျိုး​ပိုင်​သော​အရပ်ဒေသ​နှင့် ကာလက်​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​တို့​ကို ဝင်ရောက်​စီးနင်း​ပြီး ဇိကလတ်​မြို့​ကို မီးရှို့​ခဲ့​ပါ​ပြီ​”​ဟု ပြန်ဖြေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ