Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 20:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သူ့​အနီး​သို့ ယွာဘ​ရောက်လာ​သောအခါ ထို​မိန်းမ​က “သင်​ကား ယွာဘ​လော”​ဟု မေး​လျှင် ယွာဘ​က “ဟုတ်​ပါ​၏”​ဟု ဆို​၏​။ ထိုအခါ သူ​က “အရှင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပါ”​ဟု​ဆို​လျှင် ယွာဘ​က “နားထောင်​နေ​ပါ​၏”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ယွာ​ဘ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မျိုး သ​မီး​က``သင်​သည်​ယွာ​ဘ​ပေ​လော'' ဟု မေး​၏။ ``ဟုတ်​ပါ​သည်'' ဟု​ယွာ​ဘ​ဆို​လျှင်၊ ``အ​ရှင်​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ'' ဟု​အ​မျိုး​သ​မီး​က​ပြော​၏။ ``ယွာ​ဘ​က`အ​ကျွန်ုပ်​နား​ထောင်​နေ​ပါ​သည်' ဟု​ဆို​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ယွာ​ဘ​သည် ချဉ်း​လာ​သော​အ​ခါ မိန်း​မ​က၊ သင်​သည် ယွာ​ဘ​ဟုတ်​သ​လော​ဟု မေး​လျှင်၊ ငါ​ဟုတ်​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကိုယ်​တော်​ကျွန်​မ၏ စ​ကား​ကို နား​ထောင်​တော်​မူ​ပါ​ဟု​ဆို၏။ ယွာ​ဘ​က​လည်း၊ ငါ​နား​ထောင်​လျက်​နေ​သည်​ဟု ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 20:17
4 ပူးပေါင်းရင်းမြစ်များ  

ထို​အမျိုးသမီး​က​လည်း “​အရှင့်​ကျွန်မ​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​အား စကား​တစ်​ခွန်း​ကို​လျှောက်တင်​ပါရစေ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​လျှောက်​စေ​”​ဟု ခွင့်ပြု​၏​။


ထိုအခါ အမြော်အမြင်​ရှိ​သော​မိန်းမ​တစ်​ဦး​က မြို့​ထဲမှ​နေ​၍ “​နားထောင်​ကြ​၊ နားထောင်​ကြ​။ ယွာဘ​အား ‘သင်​နှင့်​စကားပြော​နိုင်​ဖို့ ဤ​နေရာ​သို့ လာ​ပါ’​ဟူ၍ ပြော​လော့​”​ဟု ဟစ်အော်​၏​။


ထို​မိန်းမ​က “​ရှေးယခင်​ကပင် ‘​အမှုကိစ္စ​ပြီး​လို​လျှင် အာဗေလ​မြို့​တွင် သွားမေး​ကြ​’​ဟု ဆို​လေ့​ရှိ​ကြ​ပါ​၏​။


အဘိဂဲလ​သည် ဒါဝိဒ်​ခြေရင်း​တွင် ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို​သာ အပြစ်​ပေး​ပါ​။ ယခု သခင့်​ကျွန်မ​လျှောက်တင်​ပါရစေ​။ သခင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပေး​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ