Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 20:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ အမြော်အမြင်​ရှိ​သော​မိန်းမ​တစ်​ဦး​က မြို့​ထဲမှ​နေ​၍ “​နားထောင်​ကြ​၊ နားထောင်​ကြ​။ ယွာဘ​အား ‘သင်​နှင့်​စကားပြော​နိုင်​ဖို့ ဤ​နေရာ​သို့ လာ​ပါ’​ဟူ၍ ပြော​လော့​”​ဟု ဟစ်အော်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ထို​အ​ခါ ပ​ညာ​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် မြို့​ထဲ​က​ဟစ်၍ ဆို​သည်​ကား၊ နား​ထောင်​ကြ၊ နား​ထောင်​ကြ၊ ငါ​သည်​ယွာ​ဘ​နှင့် စ​ကား​ပြော​နိုင်​မည်​အ​ကြောင်း ချဉ်း​လာ​ပါ​ဟု ယွာ​ဘ​အား​လျှောက်​ကြ​လော့ ဟု​ဆို​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 20:16
7 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယွာဘ​သည် တေကော​မြို့​သို့ လူ​လွှတ်​၍ ထို​မြို့​မှ လိမ္မာပါးနပ်​သော​အမျိုးသမီး​တစ်ဦး​ကို ခေါ်လာ​စေ​ပြီးလျှင် “​ယခု သင်​သည် ဆီ​မ​လိမ်း​ဘဲ ငိုကြွေးမြည်တမ်း​ရာ​ဝတ်စုံ​ကို​ဝတ်​ပြီး လူသေ​အတွက် နေ့ရက်​များစွာ​ငိုကြွေးမြည်တမ်း​နေ​သော​မိန်းမ​ကဲ့သို့ ဟန်ဆောင်​ငိုကြွေး​လျက်


သူ့​အနီး​သို့ ယွာဘ​ရောက်လာ​သောအခါ ထို​မိန်းမ​က “သင်​ကား ယွာဘ​လော”​ဟု မေး​လျှင် ယွာဘ​က “ဟုတ်​ပါ​၏”​ဟု ဆို​၏​။ ထိုအခါ သူ​က “အရှင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပါ”​ဟု​ဆို​လျှင် ယွာဘ​က “နားထောင်​နေ​ပါ​၏”​ဟု ပြန်ပြော​၏​။


ထို့နောက် ထို​မိန်းမ​သည် အမြော်အမြင်​ရှိ​သူ​ပီပီ မြို့သား​တို့​ထံ​သွား​၍​ကြားပြော​ရာ သူ​တို့​သည်​လည်း ဗိခရိ​၏​သား ရှေဘ​၏​ခေါင်း​ကို​ဖြတ်​ပြီး ယွာဘ​ထံ ပစ်ချ​၏​။ ယွာဘ​သည်​လည်း တံပိုး​မှုတ်​လိုက်​လျှင် သူ့​လူ​တို့​သည် မြို့​မှ​ထွက်ခွာ​၍ အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ယွာဘ​မူကား ရှင်ဘုရင်​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။


ဒံယေလ​သည် ဘေဘီလုံ​ပညာရှိ​တို့​ကို ကွပ်မျက်​ရန်​လာ​သော ဘုရင့်​ကိုယ်ရံတော်မှူး​အာရုတ်​အား အမြော်အမြင်​ရှိရှိ​၊ လိမ္မာပါးနပ်​စွာ မေးမြန်း​ပြောဆို​၏​။


သူ့​အမည်​မှာ နာဗလ​၊ သူ့​မယား​အမည်​မှာ အဘိဂဲလ​ဖြစ်​၏​။ သူ့​မယား​သည် ဉာဏ်ရည်​ထက်မြက်​ပြီး ရုပ်ရည်​လည်း ချောမော​လှပ​သူ​ဖြစ်​၏​။ နာဗလ​မူကား ကာလက်​လူမျိုး​ဖြစ်ပြီး ကြမ်းတမ်း​သော​သူ​၊ စရိုက်​ဆိုးသွမ်း​သော​သူ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ