၂ ဓမ္မရာဇဝင် 2:4 - မြန်မာ့စံမီသမ္မာကျမ်4 ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 တစ်ဖန် ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။