Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 2:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ရှောလု​မင်းကြီး​၏​သား​ဣရှဗောရှက်​သည် အစ္စရေး​ဘုရင်​ဖြစ်လာ​ချိန်​တွင် သက်တော်​လေးဆယ်​ရှိ​၍ တိုင်းပြည်​ကို နှစ်​နှစ် အုပ်စိုး​၏​။ ယုဒ​အမျိုးအနွယ်​တို့​မူကား ဒါဝိဒ်​မင်းကြီး​နောက်သို့​လိုက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ရှော​လု၏​သား​ဣ​ရှ​ဗော​ရှက်​သည် အ​သက်​လေး​ဆယ်​ရှိ​သော်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ၍ နှစ်​နှစ်​စိုး​စံ​လေ၏။ ယု​ဒ​အ​မျိုး​မူ​ကား ဒါ​ဝိဒ်​နောက်​သို့​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 2:10
4 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ယုဒ​အမျိုးအနွယ်​တို့​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​တိုင်အောင် အချိန်ကြာကြာ​အုပ်ချုပ်​ခဲ့​၏​။


ရှောလု​မင်းကြီး​၏​စစ်သူကြီး​၊ နေရ​၏​သား အာဗနာ​ကား ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​ကို​ခေါ်​၍ မဟာနိမ်​မြို့​သို့ သူ့​ကို ဆောင်သွား​လေ​၏​။


ဣရှဗောရှက်​ကို ဂိလဒ်​အမျိုး​၊ အာရှာ​အမျိုး​၊ ယေဇရေလ​အမျိုး​၊ ဧဖရိမ်​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​မှစ၍ အစ္စရေး​တစ်မျိုးလုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ထံသို့​လည်း တမန်​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​၏​အရေဖျား​တစ်ရာ​ဖြင့် လဲယူ​ခဲ့​ရ​သော ငါ့​မယား​မိခါလ​ကို ပြန်ပေး​ပါ​”​ဟု မှာလိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ