၂ ဓမ္မရာဇဝင် 19:5 - မြန်မာ့စံမီသမ္မာကျမ်5 ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏အသက်မှစ၍ သားတော်သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့ အရှက်ကွဲစေတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီးသည် အရှင့်အား မုန်းသောသူကိုချစ်ပြီး အရှင့်အားချစ်သောသူကို မုန်းလေပြီ။ မှူးမတ်များ၊ မင်းမှုထမ်းများသည် အရှင့်အဖို့ ဘာမျှမဟုတ်ကြောင်းကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှားဖော်ပြလိုက်ပြီ။ အဗရှလုံအသက်ရှင်ကျန်ခဲ့ပြီး ယနေ့ အကျွန်ုပ်တို့အားလုံး သေသွားလျှင်ပင် အရှင်မင်းကြီးအားရဝမ်းသာဖြစ်မည်ကို ယနေ့ အကျွန်ုပ်သိရပါပြီ။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။