Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 19:42 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

42 ယုဒ​အမျိုးသား​အပေါင်း​တို့​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ရှင်ဘုရင်​သည် ငါ​တို့​၏​ဆွေမျိုးရင်းချာ​ဖြစ်​၏​။ ဤ​အမှု​ကြောင့် သင်​တို့ အဘယ်ကြောင့် အမျက်ထွက်​ကြ​သနည်း​။ ရှင်ဘုရင်​၏​ရိက္ခာ​တော်​ကို ငါ​တို့​စား​ကြ​သလော​။ ရှင်ဘုရင်​ထံမှ တစ်စုံတစ်ရာ​ကို ငါ​တို့​ယူ​ကြ​သလော​”​ဟု ပြန်ပြော​ကြ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

42 ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

42 ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ငါ​တို့​နှင့် ပေါက်​ဖော်​တော်​သည်​ဖြစ်၍၊ ဤ​အ​မှု၌ သင်​တို့​သည် အ​ဘယ်​ကြောင့် စိတ်​ဆိုး​ကြ​သ​နည်း။ ရှင်​ဘု​ရင်၏ ရိ​က္ခာ​တော်​ကို ငါ​တို့​စား​ကြ​သ​လော။ ငါ​တို့​အား တစ်​စုံ​တစ်​ခု​သော ဆု​ကို​ပေး​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 19:42
6 ပူးပေါင်းရင်းမြစ်များ  

ငါ့​ညီအစ်ကို​၊ ငါ့​အရိုး​အသား​ဖြစ်​သော​သင်​တို့​သည် ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​ရ​သနည်း​’​ဟု ပြော​လော့​။


အစ္စရေး​အမျိုးသား​တို့​က​လည်း ယုဒ​အမျိုးသား​တို့​အား “​ရှင်ဘုရင်​၌ ငါ​တို့​ဝေစု​ဆယ်​စု​ရှိ​၏​။ ထို့ကြောင့် သင်​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပို၍​စပ်ဆိုင်​၏​။ အဘယ်ကြောင့် ငါ​တို့​ကို မထီလေးစားပြု​ရ​သနည်း​။ ငါ​တို့​ဘုရင်​ကို ငါ​တို့ အဦးဆုံး​ပြန်ခေါ်​ရ​မည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။ သို့သော် ယုဒ​အမျိုးသား​တို့​၏​စကား​သည် အစ္စရေး​အမျိုးသား​တို့​၏​စကား​ထက် ပို၍​ခိုင်မာ​၏​။


ထိုအခါ ယုဒ​အမျိုးသား​တို့​သည် ရောက်လာ​၍ ဒါဝိဒ်​အား ယုဒ​အမျိုးအနွယ်​တို့​၏​ဘုရင်​အဖြစ် ထို​နေရာ​တွင် ဘိသိက်ပေး​ကြ​၏​။ သူ​တို့​က ဒါဝိဒ်​အား “ယာဗက်​ဂိလဒ်​မြို့သား​တို့​က ရှောလု​မင်းကြီး​ကို​သင်္ဂြိုဟ်​လိုက်​ကြ​ပါ​ပြီ​”​ဟု ပြောပြ​ကြ​သောအခါ


အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့ လာ​၍ “​အကျွန်ုပ်​တို့​သည် အရှင်​၏​အရိုး​၊ အရှင်​၏​အသား​များ ဖြစ်​ကြ​ပါ​၏​။


ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ