၂ ဓမ္မရာဇဝင် 19:26 - မြန်မာ့စံမီသမ္မာကျမ်26 သူကလည်း “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်သည် ခြေမသန်သူဖြစ်၍ အကျွန်ုပ်က အကျွန်ုပ်၏အစေအပါးအား ‘ငါသည် ရှင်ဘုရင်နှင့်အတူလိုက်သွားမည်ဖြစ်၍ ငါစီးဖို့ မြည်းကိုကုန်းနှီးတင်ပေးပါ’ဟု ဆိုသော်လည်း သူသည် အကျွန်ုပ်ကို လှည့်စားခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 မေဖိဗောရှက်က``အရှင်မင်းကြီး၊ အရှင်သိ တော်မူသည့်အတိုင်းအကျွန်ုပ်သည်ခြေဆွံ့ သူဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်နှင့်အတူ မြည်းစီး၍လိုက်နိုင်ရန်မြည်းကိုကုန်းနှီး အတင်ခိုင်းသော်လည်းအကျွန်ုပ်၏အစေခံ သည်အကျွန်ုပ်အားလှည့်စားပါ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version26 အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့သောကြောင့် မြည်းစီး၍ ကိုယ်တော်ထံသို့သွားခြင်းငှာ မြည်းကို ကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန်သည် ကျွန်တော်ကို လှည့်စားပါ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။