၂ ဓမ္မရာဇဝင် 18:32 - မြန်မာ့စံမီသမ္မာကျမ်32 ထိုအခါ ရှင်ဘုရင်က ကုရှိအမျိုးသားအား “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် သူက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူများနှင့် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူအားလုံးတို့သည် ထိုသားတော်ကဲ့သို့ဖြစ်ကြပါစေသော”ဟု ပြန်လည်လျှောက်တင်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version32 မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version32 ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ရန်သူများ၊ ကိုယ်တော်ကိုညှဉ်းဆဲခြင်းငှာ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ ဖြစ်ကြပါစေသောဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။