Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 18:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 ရှင်ဘုရင်​က​လည်း “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် အဟိမတ်​က “​အရှင်မင်းကြီး​၏​အမှုထမ်း​ကျွန်တော်မျိုး​ကို ယွာဘ​စေလွှတ်​စဉ်က အကြီးအကျယ်​ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ကို မြင်​သော်လည်း မည်သို့​ဖြစ်ပျက်​နေ​သည်​ကို အကျွန်ုပ် မ​သိ​ပါ​”​ဟု လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊ အ​ဟိ​မတ်​က``အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင် ၏​တပ်​မှူး​စေ​လွှတ်​စဉ်​အ​ခါ​က​ရုန်း​ရင်း​ဆန် ခတ်​ဖြစ်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည်​အ​ဘယ် သို့​မျှ​မ​လျှောက်​ထား​တတ်​ပါ'' ဟု​ပြန်​လည် ဖြေ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 ရှင်​ဘု​ရင်​က​လည်း၊ ငါ့​သား အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​လျှင် အ​ဟိ​မတ်​က၊ အ​ရှင်​မင်း​ကြီး၏​ကျွန်​ယွာ​ဘ​သည် ကိုယ်​တော်​ကျွန် ကို​စေ​လွှတ်​သော​အ​ခါ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ကျွန်​တော်​မြင်​သော်​လည်း သေ​ချာ​စွာ​မ​သိ​ရ​ပါ​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 18:29
6 ပူးပေါင်းရင်းမြစ်များ  

ဇာဒုတ်​၏​သား အဟိမတ်​က ထပ်၍​ယွာဘ​အား “​မည်သို့ပင်​ဖြစ်​စေ​၊ ယခု ထို​ကုရှိ​အမျိုးသား​နောက်သို့ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု ဆို​လျှင် ယွာဘ​က သူ့​အား “​ငါ့​သား​၊ အဘယ်ကြောင့် သင်​ပြေးလိုက်​လို​သနည်း​။ ဤ​သတင်း​သည် ဆု​ရရှိ​စေ​မည့်​သတင်း​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။


ထိုအခါ ရှင်ဘုရင်​က သူ့​အား “​ဘေး​မှာ ရပ်​နေ​လော့​”​ဟု ဆို​သဖြင့် သူ​သည် ဘေး​၌​ရပ်​နေ​၏​။


ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။


ယွာဘ​က အာမသ​အား “​ငါ့​ညီ​၊ အဆင်ပြေ​ပါ​၏​လော​”​ဟု ဆို​၏​။ ထို့နောက် ယွာဘ​သည် အာမသ​၏​မုတ်ဆိတ်​ကို ညာ​လက်​ဖြင့် ဆွဲကိုင်​ပြီး နမ်း​မည်​ပြု​၏​။


ချက်ချင်း ပြေးသွား​ပြီး သူ့​ကို​ကြို​ပါ​။ ‘​သင်​ကျန်းမာ​ပါ​၏​လော​။ သင်​၏​ခင်ပွန်းသည် ကျန်းမာ​ပါ​၏​လော​။ သား​လည်း ကျန်းမာ​ပါ​၏​လော​’​ဟူ၍ မေးမြန်း​နှုတ်ဆက်​ပါ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​က​လည်း “​ကျန်းမာ​ပါ​၏​”​ဟု ပြန်ပြော​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ