၂ ဓမ္မရာဇဝင် 16:21 - မြန်မာ့စံမီသမ္မာကျမ်
21 အဟိသောဖေလက အဗရှလုံအား “နန်းတော်ကိုစောင့်ရှောက်ရန် အရှင့်ခမည်းတော်ချန်ထားခဲ့သော မောင်းမတို့ထံ ဝင်ပါ။ ဤသို့ အရှင်သည် ခမည်းတော်စက်ဆုပ်ရွံရှာအောင်ပြုကြောင်းကို အစ္စရေးလူတစ်မျိုးနွယ်လုံးကြားသိလျှင် အရှင့်ဘက်သားအားလုံး အားတက်လာလိမ့်မည်”ဟု လျှောက်တင်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
21 အဟိသောဖေလက၊ နန်းတော်ကိုစောင့်စေခြင်းငှာ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည် ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသောသူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ