၂ ဓမ္မရာဇဝင် 14:22 - မြန်မာ့စံမီသမ္မာကျမ်22 ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 ယွာဘသည်လည်း မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီး ပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။