Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 14:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထိုအခါ ရှင်ဘုရင်​က ယွာဘ​အား “​ဤ​အမှု​ကို​ငါ​ပြု​မည်​။ ယခု သွား​၍ သား​တော်​အဗရှလုံ​ကို ခေါ်လာ​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ထို​အ​ခါ​ရှင် ဘု​ရင်​က၊ ဤ​အ​မှု​ကို ငါ​စီ​ရင်​ရ၏။ သင်​သွား၍ ထို​လု​လင်​အ​ဗ​ရှ​လုံ​ကို တစ်​ဖန်​ခေါ်​ရ​မည်​ဟု ယွာ​ဘ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 14:21
4 ပူးပေါင်းရင်းမြစ်များ  

ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ သွေးကြွေးတောင်း​သော​သူ​တို့​သည် လူ့​အသက်​ကို ထပ်၍​မ​သတ်​ကြ​စေရန်​၊ အကျွန်ုပ်​၏​သား​ကို​မ​ဖျက်ဆီး​ကြ​စေရန် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​ကို အောက်မေ့​တော်မူ​ပါ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​သား​၏​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​”​ဟု ပြန်​မိန့်ဆို​၏​။


ယွာဘ​က မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက် ဦးညွှတ်​ကာ ရှင်ဘုရင်​အား ကောင်းချီးသြဘာ​ပေး​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​အား မျက်နှာသာပေး​ကြောင်း​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။ အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​တောင်းဆို​သည့်​အတိုင်း ပြု​စေ​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။


မင်းကြီး​သည် အလွန်​စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ သူ့​ကို မ​ငြင်းဆန်​လို​သဖြင့်


အစ္စရေး​လူမျိုး​၏​ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​သား​ယောနသန်​ပင် ဖြစ်​စေ​ကာ​မူ မုချ​အသတ်​ခံရ​မည်​”​ဟု ဆို​၏​။ သို့သော် မည်သူ​တစ်ဦးတစ်ယောက်​မျှ သူ့​ကို ပြန်​၍​မ​လျှောက်တင်​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ