Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 14:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​ယခု ငါ​မေး​မည့်​မေးခွန်း​များ​ကို မ​ထိမ်ဝှက်​ဘဲ​ဖြေ​ပါ​”​ဟု မိန့်ဆို​လျှင် ထို​အမျိုးသမီး​က “​အရှင်​မင်းကြီး အမိန့်ရှိ​တော်မူ​ပါ​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ထို​အ​ခါ ရှင်​ဘု​ရင်​က၊ ငါ​မေး​မြန်း​သည်​အ​မှု​ကို မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​အ​မိန့်​ရှိ​သော်၊ မိန်း​မ​က အ​ရှင်​မင်း​ကြီး​အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 14:18
5 ပူးပေါင်းရင်းမြစ်များ  

အရှင့်​ကျွန်မ​က ‘​ငါ့​သခင် အရှင်မင်းကြီး​သည် အကောင်း​အဆိုး​ကို​ခွဲခြားသိမြင်​သော ဘုရားသခင်​၏​ကောင်းကင်တမန်​နှင့်​တူ​သောကြောင့် ငါ့​သခင် အရှင်မင်းကြီး​မိန့်​သော​စကား​သည် စိတ်သက်သာ​ရာ​ရ​စေ​လိမ့်မည်​’​ဟု တွေးမိ​ပါ​၏​။ အရှင်​၏​ဘုရားသခင် ထာဝရဘုရား​သည် အရှင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်တင်​လေ​၏​။


ရှင်ဘုရင်​က “​ဤ​အရာ​အလုံးစုံ​ကား ယွာဘ​၏​လက်ချက်​မ​ဟုတ်​လော​”​ဟု မေး​တော်မူ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အရှင်​မင်းကြီး​မိန့်​တော်မူ​သော​စကား​သည် လက်ဝဲလက်ယာ​တိမ်းစောင်း​ခြင်း​မ​ရှိ မှန်ကန်​ပါ​၏​။ စင်စစ် အရှင့်​အမှုထမ်း​ယွာဘ​က အရှင့်​ကျွန်မ​အား ဤ​စကား​အလုံးစုံ​ကို​ပြောကြား​ရန် သင်ပေး​ပါ​၏​။


တစ်ဖန် ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ထာဝရဘုရား​အိမ်​တော် တတိယ​ဝင်ပေါက်​သို့ ပရောဖက်​ယေရမိ​ကို ခေါ်လာ​စေ​၏​။ ရှင်ဘုရင်​က ယေရမိ​အား “သင့်​ကို​ငါ​မေးစရာ​ရှိ​၏​။ ဘာမျှ​ဖုံးကွယ်​မ​ထား​နှင့်​”​ဟု မိန့်ဆို​၏​။


ငါ​သည် သင်​နှင့်​စကားပြော​ကြောင်း​ကို မှူးမတ်​တို့​ကြားသိ​ပြီး သင့်​ထံသို့​လာ​၍ ‘​သင်​သည် ရှင်ဘုရင်​အား မည်သည့်​စကား​လျှောက်ဆို​၍ ရှင်ဘုရင်​က​လည်း သင့်​အား မည်သည့်​စကား​မိန့်ဆို​သည်​ကို ငါ​တို့​အား ပြောပြ​ပါ​။ ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သင့်​ကို​မ​သတ်​ပါ​’​ဟု ဆို​လာ​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ