Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 13:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ပန်း​ကန်​ပြား​ကို​လည်း​ယူ၍ အာ​မ​နုန်​ရှေ့​မှာ​လောင်း​ထား​သော်​လည်း သူ​သည်​မ​စား​ဘဲ လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှ​ထွက်​သွား​စေ​ဟု ဆို​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 13:9
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယောသပ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​သူ​အပေါင်း​တို့​ရှေ့​တွင် မိမိ​စိတ်​ကို မ​ထိန်း​နိုင်​သဖြင့် “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဟစ်အော်​လေ​၏​။ ဤသို့ဖြင့် ယောသပ်​သည် သူ့​အနား​၌ အခြား​မည်သူ​တစ်ယောက်မျှ​မ​ရှိ​သောအခါ မိမိ​ညီအစ်ကို​တို့​အား မိမိ​မည်သူ​ဖြစ်ကြောင်း ပြောပြ​၏​။


ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင်​လက်​နှင့် ခွံ့ကျွေး​ပါ​”ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။


ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။


ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။


သူ​မူကား ဂိလဂါလ​အရပ်​ရှိ ရုပ်တု​များ​ရှိ​ရာ​သို့ ရောက်​ပြီးမှ ပြန်လှည့်​လာ​၍ “​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အား လျှို့ဝှက်​သတင်း ပြောစရာ​ရှိ​ပါ​၏​”​ဟု ဆို​လျှင် ဧဂလုန်​မင်းကြီး​က မိမိ​လူ​တို့​အား “​တိတ်တိတ်နေ​ကြ​”​ဟု ဆို​သဖြင့် သူ့​ထံ၌ ခစား​သော​သူ​အားလုံး ထွက်သွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ