Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 12:26 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ထို​ကာလ​တွင် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​၏​ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ နန်း​မြို့​တော်​ကို​သိမ်းယူ​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 12:26
9 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။


ထိုအခါ ဒါဝိဒ်​မင်းကြီး​က တမန်​အား “​သင်​သည် ယွာဘ​အား ‘​ဤ​အမှု​ကား ဆိုး​လှ​သည်​ဟု သင်​မ​မြင်​နှင့်​။ ဓား​သည် တစ်ယောက်​မ​ဟုတ်​တစ်ယောက် ဝါးမျို​တတ်​၏​။ မြို့​ကို​သာ ဖိတိုက်​ပြီး ဖျက်ဆီး​ပစ်​ပါ​’​ဟု ပြန်ပြော​လော့​။ သူ့​ကို​လည်း အားပေး​လော့​”​ဟု ဆို​၏​။


ထို့ကြောင့် ပရောဖက်​နာသန်​ကို စေလွှတ်​တော်မူ​၍ ထာဝရဘုရား​ကို အစွဲပြု​ပြီး သူ့​ကို ယေဒိဒိ ဟု​အမည်​မှည့်ခေါ်​စေ​၏​။


ဒါဝိဒ်​မင်းကြီး​ထံသို့ တမန်​ကို စေလွှတ်​၍ “​အကျွန်ုပ်​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ ရေသိုလှောင်​ရာ​မြို့​ကို​လည်း သိမ်းယူ​ထား​ပါ​ပြီ​။


ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ရောက်​သောအခါ အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​မှ နာဟတ်​၏​သား ရှောဘိ​၊ လောဒေဗာ​မြို့​မှ အမျေလ​၏​သား မာခိရ​၊ ရောဂေလိမ်​မြို့​မှ ဂိလဒ်​ပြည်သား ဗာဇိလဲ တို့​က


ငါ့​ကို ခံတပ်​မြို့​သို့ မည်သူ​ခေါ်ဆောင်​သွား​မည်နည်း​။ ငါ့​ကို​ဧဒုံ​ပြည်​သို့ မည်သူ​ပို့ဆောင်​ပေး​မည်နည်း​။


ရဗ္ဗာ​မြို့​ကို ကုလားအုတ်​တို့​ကျက်စား​ရာ​၊ အမ္မုန်​ပြည်​ကို သိုး​များ​နားနေရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


(​အကယ်စင်စစ် ရေဖိမ်​လူမျိုး​တွင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တစ်ယောက်တည်း​သာ ကြွင်းကျန်​၏​။ လူ့​လက်​ဖြင့်​တိုင်း​လျှင် အလျား​ကိုး​တောင်​၊ အနံ​လေး​တောင်​ရှိ​သော သူ​၏​သံ​ညောင်စောင်း​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့​ဖြစ်​သော​ရဗ္ဗာ​မြို့​၌ တွေ့​နိုင်​၏​။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ