၂ ဓမ္မရာဇဝင် 12:19 - မြန်မာ့စံမီသမ္မာကျမ်
19 မိမိအမှုထမ်းတို့ တီးတိုးပြောဆိုနေကြသည်ကို ဒါဝိဒ်မင်းကြီးမြင်လျှင် သူငယ်သေဆုံးကြောင်းကို ရိပ်မိသဖြင့် ဒါဝိဒ်မင်းကြီးက အမှုထမ်းတို့အား “သူငယ်ဆုံးသွားပြီလော”ဟု မေးလိုက်ရာ သူတို့က “သူငယ်ဆုံးသွားပါပြီ”ဟု ပြန်လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
19 ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။ သူတို့ကလည်း``မှန်လှပါ၊ ကလေးသေပါပြီ'' ဟုလျှောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
19 သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ