Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 11:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 “​ဥရိယ​သည် သူ့​အိမ်​သို့​မ​ပြန်​ပါ​”​ဟူသော​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင်​သည် ခရီးဝေး​က​ပြန်လာ​ရ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် သင့်​အိမ်​သို့​မ​ပြန်​သနည်း​”​ဟု မေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ကြောင်း​ကို နား​တော်​လျှောက်​လျှင် ဒါ​ဝိဒ်​က၊ သင်​သည်​ခ​ရီး​သွား​ရာ​မှ ရောက်​လာ​သည်​မ​ဟုတ်​လော။ သင့်​အိမ်​သို့ အ​ဘယ်​ကြောင့် မ​သွား​ဘဲ​နေ​သ​နည်း​ဟု ဥ​ရိ​ယ​ကို​မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 11:10
3 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဥရိယ​က ဒါဝိဒ်​မင်းကြီး​အား “​သေတ္တာ​တော်​နှင့်တကွ အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​သည် တဲ​များ​၌​သာ နေ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​သခင် ယွာဘ​နှင့် အကျွန်ုပ်​သခင်​၏​စစ်သည်​တို့​သည်​လည်း ကွင်းပြင်​၌​သာ စခန်းချ​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား အိမ်​သို့​ပြန်​ပြီး စား​သောက်​လျက်​၊ မယား​နှင့်​အိပ်​လျက် နေ​သင့်​ပါ​သလော​။ မင်းကြီး​အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ် ထိုသို့​မ​ပြု​သင့်​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


သို့သော် ဥရိယ​သည် အိမ်​မ​ပြန်​ဘဲ မိမိ​သခင်​၏​အမှုထမ်း​အပေါင်း​တို့​နှင့်အတူ ဘုရင့်​နန်းတော်​တံခါးဝ​တွင် အိပ်​လေ​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် နာသန်​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ နာသန်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​ရောက်​လျှင် “​မြို့​တစ်​မြို့​တွင် လူ​နှစ်​ဦး​ရှိ​၏​။ တစ်​ဦး​မှာ ချမ်းသာ​၍ တစ်​ဦး​မှာ ဆင်းရဲ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ