၂ ဓမ္မရာဇဝင် 10:3 - မြန်မာ့စံမီသမ္မာကျမ်
3 အမ္မုန်အမျိုးသားအကြီးအကဲတို့က မိမိတို့၏အရှင်ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကိုရိုသေလေးစားသဖြင့် အရှင့်ထံနှစ်သိမ့်သူများကို စေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ မိမိ၏မင်းမှုထမ်းတို့ကို ဒါဝိဒ်မင်းကြီးစေလွှတ်လိုက်ခြင်းမှာ မြို့ကိုစူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင်ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်းငှာသာ သူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြသော်။
အခန်းကိုကြည့်ပါ။ ကော်ပီ