Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 10:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တစ်ဖန်​စုရုံး​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် အ ရေး​ရှုံး​နိမ့်​ခဲ့​ကြောင်း​ရှု​ရိ​ပြည်​သား​တို့​သိ ရှိ​ကြ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​အ​ပေါင်း တို့​အား​တစ်​ဖန်​စု​ရုံး​စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင် တစ်​ဖန်​စည်း​ဝေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 10:15
11 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေး​ဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ရာ​မှ တပ်ခေါက်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။


ဟာဒဒေဇာ​မင်းကြီး​သည် လူ​လွှတ်​၍​ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​ရှိ ဆီးရီးယား​လူမျိုး​တို့​ကို​လည်း ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို​ဦးဆောင်​၍ ဟေလံ​မြို့​သို့​ရောက်လာ​ကြ​၏​။


ရဟောဘ​၏​သား​၊ ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​သည် ယူဖရေးတီး​မြစ်​တစ်လျှောက်​ကို ပြန်လည်​သိမ်းပိုက်​ရန် စစ်ချီလာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို​တိုက်ခိုက်​ပြီး


တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။


မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။


ဟာဇော်​ဘုရင် ယာဘိန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​၏​သတင်း​ကို ကြား​သောအခါ မာဒုန်​ဘုရင်​ယောဗပ်​မင်းကြီး​၊ ရှိမရုန်​ဘုရင်​၊ အာခရှပ်​ဘုရင်​တို့​ထံသို့​လည်းကောင်း​၊


ထို​ဘုရင်​အားလုံး စုရုံး​ကြ​၍ အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် မေရုံ​အိုင်​နား​တွင် လာရောက်​စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ