Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 1:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ရှောလု​မင်းကြီး အနိစ္စရောက်​ပြီးနောက် ဒါဝိဒ်​သည် အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​ချေမှုန်း​ရာ​မှ ပြန်လာ​၍ ဇိကလတ်​မြို့​တွင် နှစ်​ရက်​နေ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ရှော​လု​သေ​သော​နောက်၊ ဒါ​ဝိဒ်​သည် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​ရာ​မှ​ပြန်​လာ၍၊ ဇိ​က​လတ်​မြို့၌ နှစ်​ရက်​နေ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 1:1
6 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​တို့​သည် ပြန်လှည့်​လာ​၍ ကာဒေရှ​တည်းဟူသော အင်မိရှပတ်​အရပ်​သို့​ရောက်လာ​ကြ​ပြီးလျှင် အာမလက်​လူမျိုး​၏​နယ်မြေ​တစ်ခုလုံး​နှင့် ဟာဇဇုန္တာမာ​မြို့​၌​နေထိုင်​သော​အာမောရိ​လူမျိုး​ကို တိုက်ခိုက်​ကြ​၏​။


ထို့ကြောင့် ထို​နေ့​တွင်​ပင် အာခိတ်​မင်းကြီး​သည် သူ့​အား ဇိကလတ်​မြို့​ကို ပေး​၏​။ ယနေ့​တိုင်အောင် ဇိကလတ်​မြို့​သည် ယုဒ​ဘုရင်​တို့ ပိုင်ဆိုင်​သော​မြို့ ဖြစ်​လေ​၏​။


သုံး​ရက်​မြောက်​သော​နေ့​တွင် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ဇိကလတ်​မြို့​သို့ ပြန်ရောက်​လာ​ကြ​၏​။ ထို​အချိန်​တွင် အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​နှင့် ဇိကလတ်​မြို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို တိုက်ခိုက်​မီးရှို့​ကာ


ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ထိုးသတ်​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။


ဤသို့ဖြင့် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​၊ လက်နက်ကိုင်​လုလင်​နှင့် သူ​နောက်လိုက်​အပေါင်း​တို့​သည် ထို​နေ့​တစ်နေ့ချင်း​တွင် အတူ​သေ​ကြ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ