Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေတရု 1:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ကျမ်းစာ​၌​ပါ​သော ပရောဖက်ပြု​ဟောပြော​ချက်​အားလုံး​သည် လူ​တစ်ဦးတစ်ယောက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆို​ချက်​မ​ဟုတ်​ကြောင်း ဦးစွာ​သိမှတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေတရု 1:20
7 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။


သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။


ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။


တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊


ကျမ်းစာ​ထဲ၌​ရေး​ထား​သမျှ​တို့​သည် ဘုရားသခင်​မှုတ်သွင်း​တော်မူ​သော​အားဖြင့်​ဖြစ်၍ ဩဝါဒ​ပေး​ခြင်း​အတွက်​လည်းကောင်း၊ အပြစ်​ကို​ဖော်ပြ​ခြင်း​အတွက်​လည်းကောင်း၊ အမှား​ကို​ပြုပြင်​ခြင်း​အတွက်​လည်းကောင်း၊ ဖြောင့်မတ်​ခြင်း​၌ ဆုံးမ​ပဲ့ပြင်​ခြင်း​အတွက်​လည်းကောင်း အကျိုးကျေးဇူး​ရှိ​၏။


အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။


ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ