၂ ပေတရု 1:17 - မြန်မာ့စံမီသမ္မာကျမ်17 အကြောင်းမူကား ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်တော်နှင့်ဘုန်းတော်ကို ကိုယ်တော်ခံယူတော်မူစဉ် ကြီးမြတ်သောဘုန်းအသရေထဲမှ “ဤသူကား ငါချစ်သော ငါ့သားပေတည်း။ သူ့ကို ငါနှစ်သက်၏”ဟူသောအသံတော်သည် ကိုယ်တော်ထံသို့ရောက်ရှိလာ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 အကြီးမြတ်ဆုံးသောဘုန်းအသရေရောင်ခြည် တော်ရှင်က``ဤသူကားငါနှစ်သက်မြတ်နိုး သောငါ၏ချစ်သားဖြစ်၏'' ဟူသောအသံ တော်မိန့်တော်မူသောအချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှကိုယ်တော်သည်ဂုဏ် အသရေတော်နှင့်ဘုန်းအသရေတော်ကို ခံယူတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်အသရေ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။- အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။