၎ ဓမ္မရာဇဝင် 8:9 - မြန်မာ့စံမီသမ္မာကျမ်9 ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။