Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 7:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ထိုစဉ်က တပ်မှူး​သည် ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှ​သာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ထို​တပ်​မှူး​က``ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် မိုး​ကို​ချက်​ချင်း​ရွာ​စေ​ကာ​မူ​ဤ​သို့​ဖြစ်​နိုင် လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​ပြော​ကြား​ခဲ့​လေ​သည်။ ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက် သည်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း​စား​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 7:19
4 ပူးပေါင်းရင်းမြစ်များ  

နောဧ​အသက်​ခြောက်​ရာ​ပြည့်​သော​နှစ်​၊ ဒုတိယ​လ​၊ တစ်ဆယ့်ခုနစ်​ရက်​နေ့​၊ ထို​နေ့​၌ ကြီးမား​နက်ရှိုင်း​ရာ​အရပ်​မှ ရေထွက်ပေါက်​ရှိသမျှ​တို့​ကို ဖွင့်ချ​၍ မိုးကောင်းကင်​ရေတံခါး​များ​ကို ဖွင့်​တော်မူ​သဖြင့်


ထိုအခါ ဘုရင့်​လက်ရုံး​ဖြစ်​သူ တပ်မှူး​က ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်​နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှသာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။


ထိုသို့ ပြော​ခဲ့​သည့်​အတိုင်း​လည်း ဖြစ်လာ​လေ​၏​။ ထို​တပ်မှူး​သည်​လည်း မြို့​တံခါးဝ​၌ လူ​တို့ သူ့​ကို​နင်း​မိ​သဖြင့် သူ​သေသွား​လေ​၏​။


ထာဝရဘုရား​က နဟေလံ​အမျိုး ရှေမာယ​သည် ငါ့​ကို ပုန်ကန်​ပြောဆို​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သူ​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​ကို ဒဏ်ခတ်​မည်​။ ဤ​လူမျိုး​ထဲ​တွင် သူ​၏​သားစဉ်မြေးဆက်​တစ်ယောက်​မျှ အသက်ရှင်​နေထိုင်​ရ​မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က ငါ့​လူမျိုး​တော်​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​ကို သူ​တို့​ခံစား​ရ​မည်​မ​ဟုတ်”​ဟု မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ