၎ ဓမ္မရာဇဝင် 5:9 - မြန်မာ့စံမီသမ္မာကျမ်9 ထို့ကြောင့် နေမန်သည် မိမိမြင်းရထားကိုစီးသွား၍ ဧလိရှဲ၏အိမ်တံခါးဝတွင် ရပ်နေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ထိုကြောင့်၊ နေမန်သည်မြင်းရထားကိုစီးသွား၍ ဧလိရှဲအိမ်ရှေ့မှာ ရပ်နေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။