Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 5:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သူ​က မိမိ​သခင်မ​အား “​အကျွန်ုပ်​၏​သခင်​သည် ရှမာရိ​မြို့​ရှိ​ပရောဖက်​ထံသို့​သွား​လျှင် မည်မျှ​လောက်​ကောင်း​လိမ့်မည်​နည်း​။ သူ​သည် သခင်​၌​စွဲ​သော​အနာကြီးရောဂါ​ကို ပျောက်ကင်း​စေ​လိမ့်မည်​”​ဟု လျှောက်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 တစ်​နေ့​သော​အ​ခါ​သူ​သည်​မိ​မိ​၏​သ​ခင်​မ အား``ကျွန်​မ​တို့​သ​ခင်​သည်​ရှ​မာ​ရိ​မြို့​တွင်​နေ ထိုင်​သူ​ပ​ရော​ဖက်​ထံ​သို့​သွား​နိုင်​ပါ​က အ​ဘယ် မျှ​ကောင်း​ပါ​မည်​နည်း။ ထို​ပ​ရော​ဖက်​သည်​သ​ခင် ၏​ရော​ဂါ​ကို​ပျောက်​ကင်း​အောင်​ကု​သ​ပေး​ပါ လိမ့်​မည်'' ဟု​ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထို​ကျွန်​မ​က​လည်း၊ ကျွန်​မ​သ​ခင်​သည် ရှ​မာ​ရိ​မြို့၌​ရှိ​သော ပ​ရော​ဖက်​ထံ​သို့ ရောက်​ပါ​စေ​သော။ ထို​ပ​ရော​ဖက်​သည် သ​ခင်၌​စွဲ​သော​နူ​နာ​ကို ပျောက်​စေ​လိမ့်​မည်​ဟု မိ​မိ​သ​ခင်​မ​အား​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 5:3
9 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​ပြည်​ကို ဆီးရီးယား​လူမျိုး​တို့ ချီတက်​တိုက်ခိုက်​စဉ်က ဖမ်းဆီးခေါ်ဆောင်​လာ​ခဲ့​သော​မိန်းမငယ်လေး​တစ်​ယောက်​သည် နေမန်​၏​ဇနီး​ထံ၌ အစေခံ​ရ​၏​။


ထို့ကြောင့် နေမန်​သည် မိမိ​အရှင်​ထံသို့​သွား​၍ “​အစ္စရေး​ပြည်​မှ​ခေါ်လာ​သော​မိန်းမငယ်လေး​က ဤသို့​ဤနှယ်​ဆို​ပါ​သည်​”​ဟု လျှောက်တင်​လျှင်


ထိုသို့ အစ္စရေး​ဘုရင်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​ကြောင်း ဘုရားသခင်​၏​လူ​ဧလိရှဲ​ကြား​လျှင် ရှင်ဘုရင်​ထံ​လူ​လွှတ်​၍ “​အဘယ်ကြောင့် ကိုယ့်​အဝတ်​ကို​ဆုတ်ဖြဲ​ရ​သနည်း​။ ထို​သူ​ကို အကျွန်ုပ်​ထံသို့ လွှတ်လိုက်​ပါ​။ အစ္စရေး​ပြည်​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​သိ​ရ​လိမ့်မည်​”​ဟု မှာလိုက်​၏​။


မောရှေ​က​လည်း “​ငါ့​အစား သင်​ငြူစူ​ရ​သလော​။ ထာဝရဘုရား​၏​လူ​ရှိသမျှ​တို့​အား ထာဝရဘုရား​သည် ဝိညာဉ်​တော်​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​ပါစေသော​”​ဟု ဆို​ပြီးနောက်


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။


သင်​တို့​သည် ပြည့်စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုးစံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်အတူ​စိုးစံ​နိုင်​ရန် သင်​တို့​သည် အမှန်​တကယ်​စိုးစံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ