Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 4:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ထို့နောက် မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မိမိ​ငယ်သား​အား “​မြည်း​ကို​နှင်​ပါ​။ ငါ​အမိန့်​မ​ပေး​ဘဲ အရှိန်​မ​လျှော့​ပါ​နှင့်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 မြည်း​ကို ကုန်း​နှီး​တင်​ပြီး​မှ ကျွန်​ကို​ခေါ်၍ နှင်​သွား​လော့။ ငါ​မ​ပြော​လျှင် ငါ့​ကြောင့် အ​သွား​မ​နှေး​စေ​နှင့်​ဟု ကျွန်​အား​မှာ​ထား​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 4:24
7 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် နံနက်​စောစောထ​၍ မြည်း​ပေါ်​ကုန်းနှီးတင်​ပြီးလျှင် သူ​၏​ငယ်သား​နှစ်​ယောက်​နှင့်​သူ​၏​သား​ဣဇက်​ကို မိမိ​နှင့်အတူ​ခေါ်​၍ မီးရှို့ရာယဇ်​အတွက်​ထင်း​ကို​ခွဲ​ပြီးမှ ထ​၍ မိမိ​အား​ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့ သွား​လေ​၏​။


ထိုအခါ ဖခင်​ဖြစ်​သူ​က သူ့​သား​တို့​အား “​မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​”​ဟု ဆို​သဖြင့် သူ​တို့​လည်း မြည်း​ကို​ကုန်းနှီးတင်​ပေး​ကြ​ရာ ဖခင်​ဖြစ်​သူ​သည် မြည်း​ကို​စီး​၍


အစာရေစာ စား​သောက်​ပြီး​သောအခါ သူ့​အား​ပြန်ခေါ်လာ​သော​ပရောဖက်​က သူ့​အတွက် မြည်း​ကို​ကုန်းနှီးတင်​ပေး​ပြီး


ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


ထိုသို့ သူ​ထွက်သွား​၍ ဘုရားသခင်​၏​လူ​ရှိ​ရာ ကရမေလ​တောင်​ပေါ်သို့ ရောက်လာ​၏​။ ဘုရားသခင်​၏​လူ​သည် သူ့​ကို အဝေး​မှ​မြင်​လျှင် ငယ်သား​ဂေဟာဇိ​အား “​ကြည့်​ပါ​။ ရှုနင်​မြို့သူ လာ​နေ​ပါ​သည်​တကား​။


ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ