Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 22:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့နောက် စာရေးတော်ကြီး​ရှာဖန်​သည် ရှင်ဘုရင်​ထံ ပြန်သွား​၍ “​အရှင့်​အစေအပါး​တို့​သည် အိမ်​တော်​၌ တွေ့ရှိ​သမျှ​သော​ငွေ​တို့​ကို စုသိမ်း​ပြီး ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 တစ်​ဖန် စာ​ရေး​တော်​ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်​ပြီး​မှ၊ ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 22:9
13 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ကို ဆင့်ခေါ်​ရာ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ​တို့​ထံသို့ လာ​ကြ​၏​။


ထို့ပြင် စာရေးတော်ကြီး​ရှာဖန်​က ရှင်ဘုရင်​အား “​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​က အကျွန်ုပ်​အား ဤ​ကျမ်းစာလိပ်​ကို ပေးအပ်​ပါ​ပြီ​”​ဟု လျှောက်တင်​ပြီး ရှာဖန်​သည် ဘုရင့်​ရှေ့မှောက်​တွင် ထို​ကျမ်းစာ​ကို ဖတ်ပြ​၏​။


ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍


ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​သည် စာရေးတော်ကြီး​ရှာဖန်​အား “​ထာဝရဘုရား​၏​အိမ်​တော်​တွင် ဤ​ပညတ်တရား​ကျမ်း​ကို ရှာတွေ့​ပြီ​”​ဟု​ဆို​လျက် ဟိလခိ​သည် ထို​ကျမ်းစာလိပ်​ကို​ရှာဖန်​အား ပေးအပ်​သဖြင့် ရှာဖန်​လည်း ဖတ်ကြည့်​လေ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။


သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင်


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်စိုး​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ


နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​ဆယ်​ယောက်​တို့​သည် ပြည်​ကို​အုပ်စိုး​ဖို့ ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ထ​၍​ဓား​ဖြင့်​ခုတ်​သတ်​လေ​၏​။


ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ဗန်း​ကိုယ်စီ​ကိုင်​ထား​ပြီး ဗန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ