Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 22:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ၊ ရှာ​ဖန်​သား​အ​ဟိ​ကံ၊ မိ​က္ခာ​သား​အာ​ခ​ဗော်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အ​သ​ဟိ​ကို​ခေါ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 22:12
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ


ထို့နောက် စာရေးတော်ကြီး​ရှာဖန်​သည် ရှင်ဘုရင်​ထံ ပြန်သွား​၍ “​အရှင့်​အစေအပါး​တို့​သည် အိမ်​တော်​၌ တွေ့ရှိ​သမျှ​သော​ငွေ​တို့​ကို စုသိမ်း​ပြီး ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​လျှောက်တင်​လေ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။


ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍


သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ