၎ ဓမ္မရာဇဝင် 2:5 - မြန်မာ့စံမီသမ္မာကျမ်5 ဂျေရိခေါမြို့ရှိ ပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့ နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။ အခန်းကိုကြည့်ပါ။ |
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။