၎ ဓမ္မရာဇဝင် 2:19 - မြန်မာ့စံမီသမ္မာကျမ်19 မြို့သားများသည် ဧလိရှဲထံသို့လာ၍ “ကြည့်ပါ။ အရှင်မြင်သည့်အတိုင်းပင် ဤမြို့သည် နေရာကောင်းသော်လည်း ရေမကောင်းသဖြင့် မြေအသီးအနှံ မဖြစ်ထွန်းပါ”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ယေရိခေါမြို့သားအချို့တို့သည် ဧလိရှဲထံ သွား၍``အရှင်၊ အရှင်သိတော်မူသည့်အတိုင်း ဤမြို့သည်သာယာသောမြို့ပင်ဖြစ်သော်လည်း ရေမကောင်းသဖြင့်နေထိုင်သူတို့သားပျက် တတ်ပါသည်'' ဟုလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာအရပ်သည် သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်း ကိုယ်ဝန်ပျက်စေတတ်ပါသည်ဟု ဧလိရှဲအားလျှောက်ကြလျှင်၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။