၎ ဓမ္မရာဇဝင် 2:12 - မြန်မာ့စံမီသမ္မာကျမ်12 ထိုအခြင်းအရာကို ဧလိရှဲမြင်လျှင် “ကျွန်ုပ်အဘ ကျွန်ုပ်အဘ၊ အစ္စရေးမြင်း၊ အစ္စရေးရထားပါတကား”ဟု အော်ဟစ်လေ၏။ ထိုအချိန်မှစ၍ ဧလိယကို သူ မမြင်ရတော့ပေ။ သူသည် မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြဲ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။ အခန်းကိုကြည့်ပါ။ |
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။