Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 16:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ အာခတ်​မင်းကြီး​ကို ဝိုင်းရံ​ထား​သော်လည်း သူ့​ကို မ​အောင်​နိုင်​ခဲ့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 16:5
10 ပူးပေါင်းရင်းမြစ်များ  

ငါ့​နာမ​တည်​ရန် ငါ့​အဖို့ ငါ​ရွေးချယ်​ရာ​နေရာ ဂျေရုဆလင်​မြို့​တွင် ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​သည် ငါ့​ရှေ့မှောက်​တွင် အစဉ်အမြဲ​လင်း​နေ​စေရန် ရှောလမုန်​မင်းကြီး​၏​သား​တော်​ကို မျိုးနွယ်​တစ်​နွယ် ငါ​ပေး​မည်​။


သို့သော် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​ဆက်လက်​လင်း​နေ​စေရန် သူ​၏​သား​တော်​အား သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​သည့်​အပြင် ဂျေရုဆလင်​မြို့​ကို​လည်း တည်မြဲ​စေ​ခဲ့​၏​။


ထို​အချိန်​တွင် ထာဝရဘုရား​သည် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား​ပေကာ​မင်းကြီး​တို့​ကို​လွှတ်​၍ ယုဒ​ပြည်​ကို စတင်​တိုက်ခိုက်​စေ​၏​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


“​ဤ​လူမျိုး​သည် ညင်သာ​စွာ​စီးဆင်း​သော ရှိလောင်​ရေ​ကို​စွန့်ပယ်​၍ ရေဇိန်​နှင့် ရေမလိ​၏​သား​တို့​နှင့် သာယာ​နေ​သောကြောင့်


ယခုမှာ ဆီးရီးယား​သမီးပျို​နှင့် သူ့​ဝန်းကျင်​ရှိ​လူ​များ သင့်​ကို​ကဲ့ရဲ့​သော​အချိန်​ရောက်​လေ​ပြီ​။ သင့်​ဝန်းကျင်​ရှိ ဖိလိတ္တိ​သမီးပျို​များ သင့်​ကို​မထီမဲ့မြင်ပြု​သော​အချိန်​ရောက်​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ