Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 16:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ရေမလိ​၏​သား​ပေကာ​မင်းကြီး နန်းစံ​တစ်ဆယ့်ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​၏​သား​တော်​အာခတ် နန်းတက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1-2 ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 16:1
12 ပူးပေါင်းရင်းမြစ်များ  

ယောသံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ယုဒ​ဘုရင်​အာခတ်​မင်းကြီး နန်းစံ​တစ်ဆယ့်နှစ်​နှစ်​တွင် ဧလာ​မင်းကြီး​၏​သား​တော်​ဟောရှေ​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို ကိုး​နှစ်​အုပ်စိုး​၏​။


ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး လက်ထက်​၌ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်နိမိတ်​။


ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​၊ ယောသံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​လက်ထက်​တွင် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​၊ ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​၏​။ သို့သော် မ​အောင်​နိုင်​ခဲ့​ပေ​။


တစ်ဖန် ထာဝရဘုရား​က အာခတ်​မင်းကြီး​အား


ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။


ယုဒ​ဘုရင် ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​တို့​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် မောရရှက်​မြို့သား​မိက္ခာ​ထံသို့​ရောက်လာ​၍ ရှမာရိ​မြို့​၊ ဂျေရုဆလင်​မြို့​တို့​နှင့်ပတ်သက်​သော​နိမိတ်အာရုံ​ကို မြင်​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ