Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 12:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ထို့ကြောင့် ယဟောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​နှင့် အခြား​ယဇ်ပုရောဟိတ်​တို့​ကို ဆင့်ခေါ်​၍ “​အိမ်​တော်​အပျက်အစီး​များ​ကို အဘယ်ကြောင့် မ​ပြုပြင်​ကြ​သနည်း​။ ယခု ကိုယ်​နှင့်​ရင်းနှီးသူ​တို့​ထံမှ ငွေ​ကို​မ​ယူ​ဘဲ အိမ်​တော်​အပျက်အစီး​ကို​ပြုပြင်​ရန်​အတွက် ကိုယ့်​ငွေ​ကို ပေးအပ်​ကြ​လော့​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 ထို​အ​ခါ ယော​ရှ​မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​နှင့် အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခေါ်၍၊ သင်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို အ​ဘယ်​ကြောင့် မ​ပြု​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ နောက်​တစ်​ဖန် အ​သိ​အ​ကျွမ်း​လှူ​သော ငွေ​ကို ကိုယ်​တိုင်​မ​ယူ​ကြ​နှင့်။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ဖို့​ရာ​အပ်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 12:7
9 ပူးပေါင်းရင်းမြစ်များ  

ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် ကိုယ်ရံတော်​တပ်​နှင့် အစောင့်တပ်​တို့​၏​ရာ​တပ်မှူး​များ​ကို လူ​လွှတ်​ခေါ်​၍ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရောက်လာ​လျှင် ထာဝရဘုရား​၏​အိမ်​တော်​တွင်ပင် သူ​တို့​နှင့် ကတိသစ္စာ​ပြု​၍ ကျိန်ဆို​စေ​ပြီးမှ ဘုရင့်​သား​တော်​ကို ထုတ်ပြ​၏​။


ယဟောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​သွန်သင်​သည့်​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။


သို့သော် ယဇ်ပုရောဟိတ်​တို့​သည် ယဟောရှ​မင်းကြီး​နန်းစံ နှစ်ဆယ့်​သုံး​နှစ်​တိုင်အောင် အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ကြ​။


ယဇ်ပုရောဟိတ်​တို့​က​လည်း လူ​တို့​ထံမှ​ငွေ​ကို နောက်ထပ်​မ​ကောက်ယူ​ပါ​၊ အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ပါ​ဟု သဘောတူ​ကြ​၏​။


ယွာဘ​က​လည်း “​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​တော်မူ​ပါစေသော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သူ​တို့​အားလုံး​သည် အကျွန်ုပ်​သခင်​၏​အစေအပါး​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် အရှင်မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​။ အဘယ်ကြောင့် အစ္စရေး​လူမျိုး​တို့​အပေါ် အပြစ်​သက်ရောက်​စေ​မည်နည်း​”​ဟု လျှောက်တင်​၏​။


ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် သတ္တိမွေး​ကာ ရာတပ်မှူး​များ​ဖြစ်​သော ယေရောဟံ​၏​သား​အာဇရိ​၊ ယေဟောဟနန်​၏​သား​ဣရှမေလ​၊ ဩဗက်​၏​သား​အာဇရိ​၊ အဒါယ​၏​သား​မာသေယ​၊ ဇိခရိ​၏​သား​ဧလိရှဖတ်​တို့​နှင့် ကတိသစ္စာ​ပြု​၍


သူ​သည် အစ္စရေး​နိုင်ငံ​တွင် ဘုရားသခင်​နှင့်​အိမ်​တော်​အတွက်​ကောင်း​သော​အမှု​များ​ကို ပြု​သောကြောင့် သူ့​ကို ဒါဝိဒ်​မြို့​တွင် ဘုရင်​များ​နှင့်အတူ သင်္ဂြိုဟ်​ကြ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ ‘ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ချိန် မ​ရောက်​သေး’​ဟူ၍ ဤ​လူ​တို့ ဆို​တတ်​ကြ​သည်”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ