Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 11:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ရှင်ဘုရင်​သည် အစဉ်အလာ​အတိုင်း တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​က ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်ပျော်ရွှင်​စွာ​တံပိုးခရာ​မှုတ်​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ရှင်​ဘု​ရင်​သည် ယု​ဒ​မင်း​ထုံး​စံ​အ​တိုင်း တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍ တံ​ပိုး​မှုတ်​လျက် ရှိ​ကြ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 11:14
17 ပူးပေါင်းရင်းမြစ်များ  

ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင်


ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို​ဆုတ်ဖြဲ​၍ အသီးသီး မိမိ​တို့​၏​မြည်း​များ​ပေါ်သို့ ဝန်​ကို​ပြန်တင်​ပြီးလျှင် မြို့​သို့​ပြန်လာ​ကြ​၏​။


ယနေ့ သူ​သည် သိုး​၊ နွား​မှစ၍ ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ကို သွား​၍​ယဇ်ပူဇော်​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​တို့​အပါအဝင် စစ်မှုထမ်း​အကြီးအကဲ​များ​နှင့် ယဇ်ပုရောဟိတ်​အဗျာသာ​တို့​ကို ဖိတ်ခေါ်​ပြီး စား​သောက်​ကြ​လျက် ‘​အဒေါနိယ​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ပါ​ပြီ​။


ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​များ​အား “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ပြီး သူ့​နောက်လိုက်​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “​သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်​”​ဟု မှာထား​သဖြင့်


ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။


ထိုအခါ သူ​တို့​သည် မိမိ​တို့​အဝတ်​ကို​ချက်ချင်း​ယူ​၍ ယေဟု​ဆင်းလာ​မည့်​လှေကားထစ်​များ​တွင် ဖြန့်ခင်း​ပေး​၏​။ ထို့နောက် တံပိုး​ကို​မှုတ်​ပြီး “​ယေဟု​သည် ရှင်ဘုရင် ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​၏​။


ထိုအခါ ယဟောရံ​မင်းကြီး​က “အို အာခဇိ​မင်းကြီး​၊ ငါ​တို့ သစ္စာဖောက်​ခံရ​ပြီ​”​ဟု အာခဇိ​မင်းကြီး​အား​အော်ဟစ်ရင်း မိမိ​ရထား​ကို ပြန်လှည့်​ပြီး​မောင်းပြေး​လေ​၏​။


ရပ်နီး​နေ​သူ​များ​သာမက ရပ်ဝေး​နေ​သူ​များ​ဖြစ်​သော ဣသခါ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည်​လည်း မုန့်ညက်​နှင့်​လုပ်​သော​အစားအစာ​များ​၊ သဖန်းပျဉ်​များ​၊ စပျစ်သီးခြောက်​များ​၊ စပျစ်ဝိုင်​၊ ဆီ​၊ နွားသား​၊ သိုးသား စသော​အစားအစာ​များ​ကို မြည်း​၊ ကုလားအုတ်​၊ လား​၊ နွား တို့​ဖြင့် အမြောက်အမြား​တင်ဆောင်​လာ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့ အလွန်​ဝမ်းမြောက်ဝမ်းသာ​ကြ​လေ​၏​။


ရှင်ဘုရင်​သည် မိမိ​နေရာ​တွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​၏​။


ဖြောင့်မတ်​သော​သူ​တို့​တိုးပွား​သောအခါ လူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ဆိုးယုတ်​သော​သူ​အုပ်စိုး​သောအခါ​၌​မူကား လူ​တို့​သည် ညည်းတွား​ကြ​၏​။


ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ