၎ ဓမ္မရာဇဝင် 10:7 - မြန်မာ့စံမီသမ္မာကျမ်7 သူတို့ထံစာရောက်လာသောအခါ သူတို့သည် ဘုရင့်သားတော်အပါးခုနစ်ဆယ်ကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ကာ ဦးခေါင်းများကို ခြင်းတောင်းထဲတွင်ထည့်၍ ယေဇရေလမြို့ရှိ ယေဟုထံသို့ ပို့လိုက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်းတို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ယေဟုကလည်း သူတို့ထံ ဒုတိယအကြိမ်စာရေးလိုက်ပြန်၏။ စာထဲ၌ “သင်တို့သည် ငါ့စကားကိုနားထောင်ပြီး ငါ့ဘက်၌နေမည်ဆိုလျှင် သင်တို့သခင်၏သားများ၏ခေါင်းကိုဖြတ်ပြီး မနက်ဖြန်ဤသို့သောအချိန်၌ ငါရှိရာယေဇရေလမြို့သို့ ယူဆောင်လာကြလော့”ဟု ရေးထား၏။ ဘုရင့်သားတော်အပါးခုနစ်ဆယ်တို့သည် အထိန်းတော်များဖြစ်သောမြို့မိမြို့ဖများနှင့်အတူ ရှိနေ၏။