၎ ဓမ္မရာဇဝင် 1:6 - မြန်မာ့စံမီသမ္မာကျမ်6 တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 သူတို့က၊ လူတစ်ယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှာလာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင်ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည်အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |