၎ ဓမ္မရာဇဝင် 1:3 - မြန်မာ့စံမီသမ္မာကျမ်
3 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က တိရှဘိမြို့သားဧလိယအား “ထလော့။ ရှမာရိဘုရင်၏တမန်တို့နှင့်သွားတွေ့ပြီး သူတို့အား ‘ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော’ဟု ပြောလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
အခန်းကိုကြည့်ပါ။ ကော်ပီ
3 ထာဝရဘုရား၏ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင်စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှာ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
အခန်းကိုကြည့်ပါ။ ကော်ပီ