၎ ဓမ္မရာဇဝင် 1:12 - မြန်မာ့စံမီသမ္မာကျမ်12 ဧလိယကလည်း “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျလာပြီး သင်နှင့်သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းပြန်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု သူတို့အားဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့် သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကလည်း နောက်တစ်ဖန် တတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ ထိုတတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူး ရောက်လာလျှင် ဧလိယရှေ့တွင် ဒူးထောက်လျက် “အို ဘုရားသခင်၏လူ၊ အကျွန်ုပ်အသက်နှင့် အရှင့်အစေအပါး ဤတပ်သားငါးဆယ်တို့၏အသက်ကို နှမြောတော်မူပါ။