Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 9:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 သို့မဟုတ်​လျှင် မာကေဒေါနိ​ပြည်သား​တို့​သည် ငါ​နှင့်အတူ​လိုက်လာ​၍ သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ခြင်း​မ​ရှိ​ကြောင်း တွေ့ရှိ​ပါက သင်​တို့​ကို​မ​ဆို​ထား​နှင့် ဤ​အမှု​၌ သင်​တို့​ကို​စိတ်ချ​ယုံကြည်​ထား​သော​ငါ​တို့​ပါ အရှက်ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 အ​ကယ်​၍​ငါ​နှင့်​အ​တူ​မာ​ကေ​ဒေါ​နိ​ပြည် သား​အ​ချို့​တို့​လိုက်​ပါ​လာ​၍ သင်​တို့​မှာ အ​သင့်​ပြင်​ဆင်​ထား​မှု​မ​ရှိ​သည်​ကို​တွေ့​ရှိ ရ​ပါ​က သင်​တို့​သာ​လျှင်​အ​ရှက်​ရ​ကြ​လိမ့် မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​သင်​တို့​အား များ​စွာ​ယုံ​ကြည်​စိတ်​ချ​မိ​သည်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 သို့​မ​ဟုတ် မာ​ကေ​ဒေါ​နိ​လူ​တို့​သည် ငါ​နှင့်​အ​တူ​လာ၍ သင်​တို့​သည် အ​သင့်​မ​ရှိ​ကြ​သည်​ကို​တွေ့​လျှင်၊ သင်​တို့​ရှက်​ကြ​လိမ့်​မည်​ဟု မ​ဆို​ဘဲ၊ ငါ​တို့​သည် ရဲ​ရင့်​စွာ ဝါ​ကြွား​ခဲ့​ပြီး​သည်​ကို အ​ရှက်​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 9:4
7 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။


ငါ​လာ​သောအခါ​မှ အလှူ​ကောက်ခံ​ခြင်း​မ​ရှိ​စေရန် ရက်သတ္တပတ်​၏​ပထမ​နေ့​တိုင်း​တွင် သင်​တို့​တစ်ဦးစီ​သည် မိမိ​တို့​ကြီးပွား​သည့်​အတိုင်း တစ်စုံတစ်ခု​ကို​ဖယ်ထား​၍ စုဆောင်း​ထား​ကြ​လော့။


ငါ​သည် ဤ​ကဲ့သို့ ရဲရင့်​စွာ​ဝါကြွား​ပြောဆို​ခြင်း​မှာ သခင်​ဘုရား​အားဖြင့် ပြောဆို​သည်​မ​ဟုတ်​ဘဲ မိုက်မဲ​သော​သူ​ကဲ့သို့ ပြောဆို​ခြင်း​ဖြစ်​၏။


ထို့ကြောင့် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​နှင့် သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​တို့​ကို အသင်းတော်​များ​ရှေ့မှောက်​၌ သူ​တို့​အား​သက်သေ​ပြ​ကြ​လော့။


အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။


ငါ​ပေါလု​သည် ပြန်လည်​ပေးဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်တိုင်​လည်း ငါ့​အား အကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ