Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 9:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို့ကြောင့် ဤ​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည် အချည်းနှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အတိုင်း သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ကြ​မည့်​အကြောင်း ညီအစ်ကို​များ​ကို ငါ​စေလွှတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ငါ​တို့​ကြွား​ဝါ ပြော​ဆို​ခဲ့​သ​မျှ​တို့​သည်​မှန်​ကန်​ကြောင်း​သိ သာ​စေ​ရန် ဤ​ညီ​အစ်​ကို​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​လိုက်​၏။ ငါ​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း သင်​တို့​၏​အ​လှူ​ကို​အ​သင့်​ပြင်​ဆင်​ထား ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 သို့​သော်​လည်း ငါ​တို့​သည် သင်​တို့​ကို ဝါ​ကြွား​သော​စ​ကား​သည် ဤ​အ​မှု၌ အ​ချည်း​နှီး​မ​ဖြစ်​စေ​ဘဲ၊ ထို​စ​ကား​နှင့်​အ​ညီ သင်​တို့​သည် အ​သင့်​ရှိ​စေ​ခြင်း​ငှာ ညီ​အစ်​ကို​အ​ချို့​ကို ငါ​စေ​လွှတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 9:3
7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​တို့​အကြောင်း​ကို တိတု​အား အနည်းငယ်​ဝါကြွား​ခဲ့​သော်လည်း အရှက်​မ​ရ​ခဲ့​ပေ။ အကြောင်းမူကား သင်​တို့​အား ငါ​တို့​ပြော​ခဲ့​သော​အရာ​အားလုံး​တို့​သည် ဟုတ်မှန်​သည့်​နည်းတူ တိတု​ကို ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည်​လည်း ဟုတ်မှန်​ကြောင်း​ထင်ရှား​ခဲ့​ပြီ။


ငါ​သည် သင်​တို့​ကို အလွန်​ယုံကြည်​စိတ်ချ​၍ သင်​တို့​အတွက် များစွာ​ဂုဏ်ယူ​၏။ ငါ​သည် နှစ်သိမ့်​မှု​ကို အပြည့်အဝ​ခံစား​ရ​၍ ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အပေါင်း​တို့​၌ ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​လျက်​ရှိ​၏။


ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။


အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ