Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 9:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 9:12
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။


အကြောင်းမူကား ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​များပြား​လှ​သကဲ့သို့ ခရစ်တော်​အားဖြင့် ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​ခြင်း​သည်​လည်း များပြား​လှ​ပေ​၏။


သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။


သန့်ရှင်း​သူ​တို့​ကို​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ ငါ​သည် သင်​တို့​ထံသို့ အထူး​ရေးသား​ရန်​မ​လို​အပ်​ပေ။


သို့သော် ငါ​၏​ညီ၊ ငါ​၏​လုပ်ဖော်ဆောင်ဖက်​နှင့် ရဲဘော်ရဲဘက်​ဖြစ်​သည့်​အပြင် ငါ​၏​လိုအပ်​ချက်​များ​ကို​ဖြည့်ဆည်း​ဆောင်ရွက်​ပေး​သော သင်​တို့​၏​စေတမန် ဧပဖြောဒိတ်​ကို သင်​တို့​ထံသို့​စေလွှတ်​ရန် လိုအပ်​သည်​ဟု ငါ​ယူဆ​၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ