၂ ကောရိန်သု 7:5 - မြန်မာ့စံမီသမ္မာကျမ်5 မာကေဒေါနိပြည်သို့ ငါတို့ရောက်သောအခါ ငါတို့၏ကိုယ်ကာယသည် နားနေရန်အခွင့်မရဘဲ အပြင်၌တိုက်ခိုက်ခြင်းများ၊ အတွင်း၌ကြောက်ရွံ့ခြင်းများရှိ၍ အဘက်ဘက်မှနှိပ်စက်ခြင်းကိုခံရကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။