Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 4:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏”​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 4:13
9 ပူးပေါင်းရင်းမြစ်များ  

“​ငါ​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​၏​”​ဟု ပြော​စဉ်ပင် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​။


လိမ်လည်​သော​သက်သေ​သည် ပျက်စီး​သွား​လိမ့်မည်​။ ကိုယ်တိုင်​ကြား​ရ​သော​သူ​မူကား အစဉ်​ပြောဆို​နေ​လိမ့်မည်​။


ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​သည်​ဟု ယုံကြည်​ကြ​၏”​ဟု ပြောဆို​၏။


ထိုသို့​ဆိုသော် သင်​တို့​နှင့်အတူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်ဦးနှစ်ဖက်​၏​ယုံကြည်​ခြင်း​အားဖြင့် နှစ်သိမ့်​မှု​ကို အတူတကွ​ခံစား​နိုင်​ရန်​ဖြစ်​၏။


ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊


ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက်


ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ