၂ ကောရိန်သု 2:4 - မြန်မာ့စံမီသမ္မာကျမ်4 သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှာ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှာ ငါရေး၏။ အခန်းကိုကြည့်ပါ။ |