Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 13:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ယခင် အပြစ်​ကျူးလွန်​ခဲ့​သူ​များ​နှင့် အခြား​သော​သူ​အပေါင်း​တို့​အား ဒုတိယ​အကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သတိပေး​ခဲ့​သည့်​အတိုင်း ယခု သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ငါ​သတိပေး​သည်​ကား ငါ​သည် နောက်တစ်ဖန်​ရောက်လာ​လျှင် ညှာတာ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက်​တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 13:2
8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။


ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန်သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။


ယခု ငါ​သည် သင်​တို့​ထံသို့ တတိယ​အကြိမ်​လာ​ရန် အသင့်​ရှိ​၏။ သို့သော် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အလိုရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အလိုရှိ​၏။ သားသမီး​တို့​သည် မိဘ​တို့​အတွက် စုဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိဘ​တို့​က​သာ သားသမီး​တို့​အတွက် စုဆောင်း​ရ​၏။


ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ