Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 13:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 13:10
11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် မည်သည့်​အရာ​ကို အလိုရှိ​ကြ​သနည်း။ ငါ​သည် သင်​တို့​ထံသို့ တုတ်​နှင့်​လာ​ရ​မည်​လော၊ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့​သိမ်မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။


ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍


ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။


အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက


အကြောင်းမူကား သင်​တို့​ကို​ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် သခင်​ဘုရား​ပေး​တော်မူ​သော ငါ​တို့​၏​အခွင့်​အာဏာ​နှင့်​ပတ်သက်၍ ငါ​သည် အနည်းငယ်​ပို၍ ဝါကြွား​မိ​ခဲ့​လျှင်​ပင် ရှက်ကြောက်​မည်​မ​ဟုတ်။


ယခင် အပြစ်​ကျူးလွန်​ခဲ့​သူ​များ​နှင့် အခြား​သော​သူ​အပေါင်း​တို့​အား ဒုတိယ​အကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သတိပေး​ခဲ့​သည့်​အတိုင်း ယခု သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ငါ​သတိပေး​သည်​ကား ငါ​သည် နောက်တစ်ဖန်​ရောက်လာ​လျှင် ညှာတာ​လိမ့်မည်​မ​ဟုတ်။


အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​ကို​ဆန့်ကျင်​၍ မည်သည့်​အမှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာတရား​ဘက်​၌​နေ​၍​သာလျှင် ပြု​နိုင်​ကြ​၏။


ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။


ဖြူစင်​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ စိတ်ရှည်​ခြင်း​၌​ဖြစ်စေ၊ ကျေးဇူးပြု​ခြင်း​၌​ဖြစ်စေ၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၌​ဖြစ်စေ၊ ဟန်ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်စေ၊


ဤ​သက်သေခံ​ချက်​သည်​မှန်​ပေ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ဒဏ္ဍာရီ​များ​နှင့် သမ္မာတရား​ကို​စွန့်ပယ်​သော​သူ​တို့​၏​ပညတ်​ချက်​များ​အပေါ် အာရုံ​မ​စိုက်​ဘဲ ယုံကြည်​ခြင်း​အရာ​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်းထန်​စွာ​ဆိုဆုံးမ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ